PDF အကြမ်းဖက်သမားများက Drone ဖြင့် လက်လုပ်မိုင်း ပစ်ချခဲ့ခြင်းကြောင်း ၅လသား အရွယ် အမွှာကလေးငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများက Drone ဖြင့် လက်လုပ်မိုင်း ပစ်ချခဲ့ခြင်းကြောင်း ၅လသား အရွယ် အမွှာကလေးငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး





MNP ၊ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထန်းဘူးတောကျေးရွာတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားကင်းမဲ့စွာ Drone ယာဉ်ဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ၅လသားအရွယ် အမွှာကလေးငယ်တစ်ဦးနှင့် အသက် ၆၇နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ကျန်အမွှာကလေးငယ် ၁ဦးနှင့် မိသားစုဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်နေ့က ထန်းဘူးတောကျေးရွာရှိ လက်သမားအလုပ် လုပ်ကိုင်သော ဦးစိန်မောင် (ဘ) ဦးပြူးနှင့် မိသားစုဝင်များ နေအိမ်၌ ရှိနေစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက Drone ဖြင့် ဒေသန္တရလက်လုပ်မိုင်းများ ချိတ်စွဲ၍ နေအိမ်ပေါ်သို့ ဖြုတ်ချခဲ့ရာ နေအိမ်ရှေ့ ကျရောက်ပေါက်ကွဲပြီး ဒေါ်စောနွယ် ၆၇နှစ် (ဘ) ဦးရေချမ်းနှင့် ၅လသား အရွယ် အမွှာကလေး ၁ဦး တွင် စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ကျန်အမွှာကလေးငယ်တစ်ဦးနှင့် မိသားစုဝင် ၃ဦးတို့တွင်လည်း ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့သော်လည်း ဒေါ်စောနွယ်နှင့် ၅လသားအရွယ် အမွှာကလေးတစ်ဦးတို့သည် နေ့လည် ၂ နာရီ ၁၅မိနစ် ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့သော အကြမ်းဖက်မှုများသည် တနေ့တခြား ပိုမိုဆိုးသွမ်းသော အခြေအနေသို့ ရောက်ရှိလာပြီး မွေးကင်းစကလေးငယ်မှ သက်ကြီးရွယ်အို ဘိုးဘွားများမကျန် အတိဒုက္ခရောက်အောင် ဖန်တီးနေသော အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)