ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ



MNP - ဇွန်   ၂၇


ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကို အလေးထားနားလည်တတ်စေရန် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနတို့မှ လမ်းညွှန်ချက်အရ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုကိုခံယူ၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးကို ယနေ့နံနက် ၉ နာရီအချိန်က ငပုတောမြို့နယ် အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများက သတ်မှတ်ထားသောနေရာတွင် စိုက်ပျိုးကြသည်။


"သစ်ပင်စိုက်ပါ တို့ကမ္ဘာ သာယာလှပ စိမ်းမြမြ ”၊ " သစ်ပင်လေးတွေ စိုက်ကြမယ် တို့ကမ္ဘာလေး လှဖို့ကွယ်”၊ "သက်ရှိလောက တည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့”၊ " ရှင်အောင်စိုက်ပျိုး၊ ကြီးအောင် ပြုစု၊ မြဲအောင်ထိန်းသိမ်း” စသည့် ဆောင်ပုဒ်နှင့်အညီ ငပုတောမြို့နယ် အာကစားဝန်းအတွင်း အမြင့် ( ၆ ) ပေခန့်ရှိသည့် မဟော်ဂနီ (၅၀)ပင်၊ ခရေ (၅၀) ပင်၊ ပျဉ်းဂတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀)ပင်၊ စုစုပေါင်း (၃၀၀)ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)