နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၈)တို့၏ သင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၈)တို့၏ သင်တန်းဖွင့်ပွဲကျင်းပ


MNP ၊ ဇွန် ၂၇

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅)နှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၈)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က ဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာ အဓိကတာဝန် ထမ်းဆောင်လျက်ရှိပြီး အနာဂတ်တွင် နိုင်ငံတော်၏ ကြီးမားသည့်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ဒုတိယအကြီးအမှူးများနှင့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေပြီး မိမိတို့တာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့အစည်း၌ ဦးဆောင်နိုင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးရာမှာ သမိုင်းကြောင်း အတွေ့အကြုံပေါ်မူတည်ပြီး “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိန်ခေါ်မှုအမျိုးမျိုးကြားမှ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် မိမိတို့နိုင်ငံ၏ အခြေအနေများကို မျက်ခြည်မပြတ် အမြဲလေ့လာနေမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် သယ်ပိုးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများ ကျင့်ဝတ်သိက္ခာနှင့် သမာသမတ်ရှိပြီး အရည်အသွေးပြည့်ဝသည့် စီမံခန့်ခွဲမှုများရှိမှသာ ပြည်သူများ၏ လိုအပ်ချက်ကို ဘက်လိုက်ခြင်းကင်းစွာ တန်းတူညီမျှ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်မည့် သန့်ရှင်းသည့်အစိုးရ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၅)သို့ သင်တန်းသား ရှစ်ဦး၊ သင်တန်းသူ ၁၂ ဦး စုစုပေါင်း ၂၀ နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၈)သို့ သင်တန်းသား ၂၃ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၄၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၂၇ ရက်မှ ဩဂုတ် ၁၉ ရက်အထိ ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)