MNP ၊ ဇွန် ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ယနေ့ နေ့လည် ၁ နာရီက စတင်ကျင်းပလျက်ရှိရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော် ၁၂၇ ပါးမှ အေးချမ်း စွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ထိုသို့ ဖြေဆိုရာတွင် ကျောက်ဖြူခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်များမှ စာဖြေသံဃာတော်များမှာ စာဖြေအုပ်စု(၉)အုပ်စုရှိသည့်အနက်မှ အုပ်စု(၁) ပါရာဇိတပါဠိဘာသာရပ်၊ အုပ်စု(၂)သီလက္ခန္ဓဝဂ္ဂပါဠိဘာသာရပ်၊ အုပ်စု(၅) ဧကက မှ စတုတ္တနိပါတထိနှင့် အုပ်စု(၈)ဓမ္မသင်္ဂဏီပါဠိဘာသာရပ်အား ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယနေ့ နိကာယ်စာမေးပွဲ နောက်ဆုံး နေ့ အုပ်စု(၁)တွင် စာရင်းရှိ(၂၁၁)ပါး ဖြေဆို(၁၁၀)ပါး၊ အုပ်စု(၂)တွင် စာရင်းရှိ (၁၇)ပါး ဖြေဆို(၁၂)ပါး၊ အုပ်စု(၅)တွင် စာရင်းရှိ(၈)ပါး ဖြေဆို(၅)ပါး၊ စုစုပေါင်း စာဖြေသံဃာတော်(၁၂၇)ပါးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ ယင်းသို့ စာဖြေသံဃာတော်များအေးချမ်းစွာဝင်ရောက်ဖြေဆိုနေမှုကို ကျောက်ဖြူခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ ဆရာတော်ကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် အဆိုပါစာမေးပွဲအား ဇွန်လ (၇)ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့အထိ (၅) ရက်ကြာ နေ့လည် (၁)နာရီမှ ညနေ(၅)နာရီအတွင်း ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment