အခြေခံမော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံမော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဖွင့်

 

MNP - ဇွန်   ၄


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အခြေခံမော်တာ အပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်မော်တာ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ကရင်ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲနှင့်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များ ဖွံ့ဖြိုးရုံသာမက စိတ်ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာအောင် ဘက်ပေါင်းစုံမှ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုဝင်ငွေ ရရှိရေးအတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က အခြေခံမော်တာ အပ်ချုပ်စက်သင်တန်းတွင် ထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်က သင်တန်းဆင်း အောင် လက်မှတ်များ ပေးအပ်သည်။


အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာမှ သင်တန်းသူ ၂၀ ဦးဖြင့် ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသူ(၂၀)ဦးကိုပင် အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာ ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ အခြေခံသင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမ၌ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသော ဒီဇိုင်းလက်ရာများအား ကြည့်ရှုအားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)