ပေါင်မြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(၃၀၀)ဧက မျိုးသန့်စပါးတင်း (၃၀၀) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ(၃၀၀)ဧက မျိုးသန့်စပါးတင်း (၃၀၀) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP  - ဇွန်   ၄


မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ(၃၀၀)ဧက မျိုးသန့်စပါးတင်း(၃၀၀)ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွာတန်းရှည်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံကောင်စီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ယခုထောက်ပံ့ ပေးအပ်ခဲ့သည့်မျိုးစပါးများကို တောင်သူများအနေဖြင့် လျာထားချက်အတိုင်း စပါးအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးကြရန်နှင့် လိုအပ်သော နည်းပညာအကူအညီများကို  စိုက်ပျိုးရေး ဦးစီးဌာနများမှာ အကူအညီရယူပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။


ထို့နောက် သထုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်မှ စပါးအထွက်နှုန်း ကောင်းမွန်စေဖို့ ဒေသနဲ့ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအပြင် လိုအပ်မည့်စိုက်ပျိုးရေး နည်းပညာအကူအညီများလည်း အတက်နိုင်ဆုံးပေးသွားမည့်အပြင် တောင်သူဦးကြီးများဘက်မှ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အကြုံပြုချက်များကို ပွင့်လင်းစွာနဲ့ အချိန်မရွေးတင်ပြဆွေးနွေး နိုင်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပေါင်မြို့နယ်အတွင်း စံပြကျေးရွာ(၃၀၀)ဧက မျိုးသန့်စပါးများကို မြို့နယ်စီမံကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ပေးခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။


သတင်း - မွန်မလေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)