လယ်ဝေးမြို့နယ်၌ လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်၌ လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွား


MNP ၊ ဇွန် ၁၄

လယ်ဝေးမြို့နယ် မမစ(လယ်ဝေး)၏ အရှေ့မြောက်ဘက် ၂ မိုင် ခန့်ကွာ ဗောဓိကုန်းကျေးရွာ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းရှိ မငုဝါ (၃၀)နှစ် ဗမာ/ဗုဒ္ဓ ဈေးရောင်း (ဖ)ဦးဆန်းအောင် ဗောဓိကုန်းကျေးရွာ လယ်ဝေးမြို့နယ်နေသူ၏ ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး အဆိုပါနေရာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အနောက်ဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက် ၀၉:၂၀ နာရီတွင် လယ်ဝေးမြို့နယ် မမစ(လယ်ဝေး)၏ အရှေ့မြောက်ဘက် ၂ မိုင် ခန့်ကွာ ဗောဓိကုန်းကျေးရွာ ဗောဓိကုန်းမီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းရှိ မငုဝါ (၃၀)နှစ် ဗမာ/ဗုဒ္ဓ ဈေးရောင်း (ဖ)ဦးဆန်းအောင် ဗောဓိကုန်းကျေးရွာ လယ်ဝေးမြို့နယ်နေသူ၏ ကွမ်းယာဆိုင်အနီး၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ မမစမှူး(လယ်ဝေး) ဒုရဲမှူး ဇော်ထွန်းဦး ဦးစီးအဖွဲ့က ၀၉:၃၀ နာရီတွင် ရောက်ရှိစစ်ဆေးရာ ပေါက်ကွဲအပိုင်းအစများအား တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် အဆိုပါအနီးတွင် ရပ်ထားသည့် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၇)တပ်ဖွဲ့စုမှ လ ၁၉၀၁၂၉ ရဲတကက ကျော်မင်းဦး ၏ BL/7453 Light Truck မတယတွင် ရှေ့လေကာမှန် (တန်ဖိုး-စိစစ်ဆဲ) ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် မိုင်းရှင်းလင်း ဆောင်ရွက်နိုင်ရေး စအရ(၉၂၀)သို့ အကြောင်းကြားထားရှိစဉ် ၁၀ ၁၅ နာရီတွင် အဆိုပါနေရာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၏ အနောက်ဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)