အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေး

 


MNP - ဇွန်   ၂၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီတွင်စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၆၀၀ ကျော်ရှိကြောင်းမြို့နယ်မြန်မာ့ စီးပွားရေးဘဏ် မှသိရသည်။


"အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့ကနေ လကုန်ရက်အထိ နံနက် ၆ နာရီ ကနေ နေ့လည် ၁၂ နာရီအထိ ထုတ်ပေးပါတယ်။ ယနေ့နံနက် ၁၀ နာရီအချိန်ထိ အငြိမ်းစားဝန်ထမ်း (၃၀၀)ဦးလောက် ပင်စင်လစာ ထုတ်ပေးပြီးပါပြီလို့" အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းကြိုင် ပြောကြားချက်အရ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)