မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော





MNP ၊  ဇွန်   ၂၃   

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  မီးသတ် ဦးစီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ  မြို့နယ်မီးသတ် ဦးစီးမှူး ထွန်းရွှေခိုင်က  သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ် တပ်ဖွဲ့ ဝင်များက ကူညီဆောင်ရွက်နေမှု အခြေအနေများ ၊  မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ မှ သတိပေး ထုတ် ပြန် ချက်များ ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန်များ အား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  လေဘေး၊ မုန်တိုင်းဘေး ၊ ရေကြီးမှု ၊ မိုးကြိုးအန္တရာယ်များ စသည့် တို့ကို အသိပညာပေး Video ဖိုင်များအား ပြသခြင်း ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခြင်းများကို ဆောင်ရွက်ပေးကာ  အသိပညာ ပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့ နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသ အခြေအနေအား ပြည်သူ့များ ထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ ၊ သဘာဝဘေး အန္တရာယ်များ ဖြစ် ပေါ်လာ ပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးသူနာ ပြုစုနည်းများ ၊ ကြိုးချည်နည်းစနစ်များ ၊ လူနာသယ်နည်းစနစ်များ ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများ ၊ စသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့ လုပ် ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။   အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မီးသတ် ဦးစီးဌာနမှ မြို့နယ် ဦးစီး မှူး ထွန်းရွှေခိုင်နှင့်တပ်ဖွဲ့ဝင် များ၊ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး နှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား/သူများ  တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ 


သတင်း - အောင်ကျော်စိန် ၊ သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)