ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များ ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များ ရောင်းချပေး



MNP - ဇွန်  ၂၈


ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက် ကုန်များအား ဈေးနှုန်းသင့်တင်စွာ လာရောက်ရောင်းချပေးခဲ့သည်။


ထိုသို့ ရောင်းချပေးရာတွင် ဆန်ကြမ်း ၅ ပြည်အိတ် ၆၀ အိတ်၊ ဆန်ချော ၅ ပြည်အိတ် ၅၀ အိတ်နှင့် ဆီ ၅၀ ကျပ်သားဘူး ၄၀၀ နှင့် ကြက်ဥ ၁၀ လုံး ပါကတ် ၃၀ တို့ကို မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်ရှိ လူစည်ကားရာနေရာတွင် ပြည်သူများအား ရောင်းချပေးခဲ့ရာ၊ မြို့နယ် စည်ပင်သာယာ ဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)