ကရင်ပြည်နယ် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

 


MNP - ဇွန်  ၂၈


အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပထမနှစ်သင်တန်းကို တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က အဆိုပါကျောင်း နှစ်ထပ်ကျောင်းဆောင် အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်ကျွမ်းကျင်လုပ်သားနှင့်အင်ဂျင်နီယာပညာရှင်များ အများအပြားလိုအပ်လျက်ရှိပြီး ယခုပထမနှစ်သင်တန်းတက်ရောက်ကြမည့် မောင်မယ်သစ်လွင်ကျောင်းသား၊ကျောင်းသူများသည် အနာဂတ်တွင်အားကိုး အားထားပြုရသည့် လူငယ် လူရွယ်များဖြစ်ကြစေလိုကြောင်း ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်ကြား၊ သင်ယူမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့သော ငွေကျပ် ၁၂၂၀၀၀၀ (တစ်ဆယ့်နှစ်သိန်းနှစ် သောင်း)၊ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်သူ များအနက်မှ မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်နည်းပညာသင်တန်းအတွက် ပထမဆုရရှိခဲ့သော ကျောင်းသားတစ်ဦးနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ကြပြီး ပထမနှစ်ကျောင်းသား၊ကျောင်းသူများက ယဉ်ကျေးမှုအက အလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများသည် ပထမနှစ်ကျောင်းသား၊ ကျောင်းသူမောင်မယ်သစ်လွင်များအား ရင်းရင် းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)