ရွှေကျင်မြို့နယ်တွင် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ



MNP - ဇွန်   ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်း (အ-ထ-က) ရွှေကျင်ကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ပြုံးပြုံးရီက ကျား၊ မ အခြေပြုအကြမ်းဖက်မှုများ၊ အကြမ်းဖက်ခြင်း (၅) မျိုး၊ Gender-Based Violence ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပရိုဂျက်တာဖြင့် ပြသ၊ ဟောပြော၊  ဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေး  ဆွေးနွေးပွဲသို့ ကျောင်းဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့်တက်ရောက် ခဲ့ကြသည်။


လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုပတ်ဝန်းကျင်အတွင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ‌ ဒေါ်ပြုံးပြုံးရီထံမှ သိရသည်။


သတင်း - ထွန်းထွန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)