ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီး များနှင့် ကျမ်းစာ‌သင်‌ကျောင်းတို့အား အလှူ‌ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီး များနှင့် ကျမ်းစာ‌သင်‌ကျောင်းတို့အား အလှူ‌ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 



MNP - ဇွန် ၁၉


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့က ဘားအံ ခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျမ်းစာကျောင်းများတို့အား ဝတ္တုငွေများနှင့် လှူဖွယ်ပစ္စည်းများ လာရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။  


အဆိုပါအဖွဲ့သည် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက် အထက်ပိုင်ကျုံကျောင်းတိုက်ဆရာတော် ဥူးသီရိန္ဒ၊ အထက်ပိုင်ကျုံကျောင်းသစ်ဆရာတော် ဥူးအာလောကနှင့်ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်၊ ပိုင်ကျုံမြို့ မြို့မ သာသနာပြု-ပရဟိကျောင်းဆရာတော် ဥူးဓမ္မသိရီတို့အား ဖူး‌မျှော်ကြည်ညိုခဲ့ကြပြီး  ပြည်နယ်ဝန်ကြီး ချုပ်မှ အထက်ပိုင်ကျုံကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းအတွက် ဆန်(၅)အိတ်၊ ဆီးပုံးကြီး(၁)ပုံး၊ ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ပိုင်ကျုံမြို့ မြို့မသာသနာပြု-ပရဟိတ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်(၅)အိတ်၊ ဆီးပုံးကြီး(၁)ပုံး၊ ဝတ္တု‌ ငွေနှင့်လှူဖွယ်ပစ္စည်းများကိုလည်း‌ကောင်း၊ ပိုင်ကျုံမြို့ ကျမ်းစာသင် ကျောင်းအတွက် ဆန်(၅)အိတ်၊ ဆီပုံးကြီး(၁)ပုံးနှင့် အလှူငွေများထောက်ပံ့ လှူဒါန်းခဲ့ကြသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  အထက်ပိုင်ကျုံကျောင်းသစ်ဘုန်းတော်ကြီကျောင်း၌ တည်ဆောက်သည့် မြေထိန်းနံရံတည်ဆောက်နေမှုများကို လည်း ကောင်း၊ အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်းရှိ ကျောင်းဆောင်သစ် တည်ဆောက်သည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။


ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံရှိဆရာမများနှင့် တွေ့ဆုံကာ အားပေး စကားပြောကြားပြီး ပိုင်ကျုံတိုက်နယ်ဆေးရုံမှတက်ရောက်ဆေးကုသ သည့်လူနာ(၅)ဦးတို့အားထောက်ပံ့ငွေနှင့် စားသောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)