မုံရွာတက္ကသိုလ်၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာတက္ကသိုလ်၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ




MNP - ဇွန်   ၉


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရွယ်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ ဧည့်သည်တော်များ မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဝင်းက “ကျွန်မတို့ရဲ့ ကမ္ဘာလောကကြီးမှာ လူသားဟူပြီး ရှင်သန်ကြီးထွားဖွံ့ဖြိုးလာရန်အတွက် စား၊ ဝတ်၊ နေ၊ ရေး ကိစ္စများသည် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတဲ့အတွက်ကြောင့် စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး ဟူတဲ့ အရေး (၃)ပါးတွင် “စားရေး”သည် အဓိက အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ ကျွန်မတို့တွေဟာ “စားသုံးသူ” တွေဖြစ်တဲ့အတွက် စားသုံးသူတွေမှာ အခွင့်အရေး တွေရှိကြပါတယ်။ အဲ့ဒီ အခွင့်အရေးတွေက ဘာတွေလဲ၊ ဘယ်လိုအကာအကွယ်ပေးမှုကို ရရှိမှာလဲ၊ စားသုံးသူတွေဖက်ကရော ဘာတွေလိုက်နာဆောင်ရွက်ရမလဲ၊ စားသုံးသူ အခွင့်အရေး ချိုးဖောက်သူတွေကို ဘယ်လိုအရေးယူဆောင်ရွက်မှုတွေရှိလဲ ဆိုတာတွေကို သိရမှာဖြစ်ပါကြောင်း၊ အခုဆိုရင် ကျွန်မတို့ပတ်ဝန်းကျင်မှာ ဘေးအန္တရာယ်ရှိတဲ့ စားသောက်ကုန်များကို ဝယ်ယူသုံးစွဲမိလို့ ဘေးဥပါဒ်ဖြစ်ခဲ့တာမျိုး စိတ်ကျေနပ်မှု့မရှိတာမျိုး ဖြစ်ခဲ့ရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြား လို့ရပါကြောင်း။


ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနကလည်း အစားအသောက် ဘေးအန္တာရယ်ကင်းရှင်းရေးအကြောင်း ဆွေးနွေးမှာဖြစ်လို့ များစွာအကျိုးရှိစေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ဟောပြောဆွေးနွေးပေးမယ့် ဌာန (၂) ခုစလုံးကို ကျေးဇူးတင်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ဒီဟောပြောပွဲမှ “စားရေး”နဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတများကို သေချာမှတ်သား လိုက်နာပြီး မိမိအတွက်၊ မိမိပတ်ဝန်းကျင်ရှိ စားသုံးသူတွေ ကောင်းကျိုးအတွက် ဆောက်ရွက်ပေးနိုင်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေလို့” တိုက်တွန်းပြောကြားခဲ့သည်။


ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က “ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို” အကျယ်တဝန်း ရှင်းလင်းပြောကြားပြီး  ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးများနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူနစ်နာမှုများအား ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို”လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန ဒုတိယကြီးကြပ်ရေးမှူး (အစားအသောက်) ဒေါ်နှင်းစန္ဒာက အစားအသောက် ဘေးအန္တရာယ်အကြောင်းတို့ကို ပရိုဂျက်တာများဖြင့် အသေးစိတ်ရှင်းလင်းပြသ ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ၏ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများ ကြုံလာရပါက  တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် စသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၇၁-၂၁၀၂၀၊ ၀၇၁-၂၁၁၅၉ သို့ ဖြစ်စေ၊ Online မှ တစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center 1535(MPT-09-765481535) သို့ မေးမြန်းတိုင်ကြားနိုင်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသော စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူအခွင့်အရေးဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းများပါသော  အသိပညာပေး လက်ကမ်းစာစောင် (၃၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)