ဝေါမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ





MNP - ဇွန်   ၁၂


ပဲခူးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာရုံးက ခွဲဝေချထားပေးသော အရန်တူညီဝတ်စုံများအား ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက် ၁၀ နာရီက ဝေါမြို့နယ် မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။


ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးဘေး၊ အခြားသဘာဝဘေးအန္တရာယ်နှင့် ရုပ်တရက်မတော်တဆဖြစ်ပွားသော ဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက မီးငြှိမ်းသတ်ရေးနှင့် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူ့အကျိုးပြု လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန် ပဲခူးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ပေးအပ်သော အရန်တူညီဝတ်စုံ(၁၀၀)အား ပေးအပ်ပေးအပ်သွားမှာဖြစ်ကြောင်း ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၁၄၈) ဦးဖွဲ့စည်းထားကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ အသီးသီးထောက်ပံ့ပေးအပ်သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။


သတင်း - စိုးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)