ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်က ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်က ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ



MNP - ဇွန်   ၁၂


ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ရှိ ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က "ဥပဒေအရာရှိများအနေဖြင့် မိမိတို့ရဲ့ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ အနီးကပ်ကြီးကြပ်မှုကိုခံယူရန်၊ ဥပဒေရေးရာဝန်ကြီးဌာနကို တာဝန်ခံပြီး လမ်းညွှန်ချက်များ၊ အမိန့်လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ထမ်းဆောင်ရန်၊ ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေကို လိုက်နာဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ အလေးထားဆောင်ရွက်ကြရန်၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ဥပဒေရေးရာသင်တန်းများ၊ ရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချစေလိုကြောင်း၊ မိမိတို့လုပ်ငန်းစွမ်းရည် တိုးတက်မှုသာမက ပြည်တွင်းပြည်ပ သတင်းအသိပညာ ပြန့်ပွားသိရှိကြစေလိုကြောင်း" စသည်ဖြင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည်။


ထို့နောက် တက်ရောက်လာသော ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဥပဒေအရာရှိများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ကဏ္ဍအလိုက် ဆွေးနွေးလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဥပဒေချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)