မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ



MNP - ဇွန်   ၉


မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြင်းခြံ မြို့ အမှတ်(၁၆) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်းတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။


"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက  အခြေခံ ပညာကျောင်း ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် အမှတ်(၁၆) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းအား ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများမှ လှည့်လည်ကြည့်ရှုခဲ့ကြသည်။


အဆိုပါ ဆေးထိုးစုရပ်တွင် အမှတ်(၁၆) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၁၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် Novel ကိုယ်ပိုင် ကျောင်းရှိ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရန်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းဆေးထိုးစုရပ်ရှိ ဆရာ/ ဆရာမများမှ စောင့်ကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)