လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်


MNP ၊ ဇွန် ၂၉

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းလည်း ပါဝင်ပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်လွှဲပြောင်းလက်ခံရေးလုပ်ငန်းစဉ်များကို စနစ်တကျ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်အတွက် “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်” ကိုလည်း ရေးဆွဲအတည်ပြုထားရှိပြီး ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးနေသူများအနေဖြင့် လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ငန်းအစီအစဉ်များကို လေ့လာသိရှိထားပြီး လက်တွေ့လုပ်ငန်းခွင်တွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဖြင့် လူကုန်ကူးခံရသူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိခဲ့သောဗဟုသုတများနှင့် နည်းပညာများကို ထိထိရောက်ရောက် ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။


သင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သူများက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ငါးရက်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)