MNP - ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရွာဘဲရပ်ကွက်၊ ကြံတောကုန်းရပ်၌ ဇွန် ၁၄ ရက်က ဖြစ်ပေါ်ခဲ့သော လေဘေးကြောင့် သစ်ပင်ကျိုးပိပြိုလဲခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ညနေပိုင်းတွင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (တစ်သိန်း)၊ ယင်းနေအိမ်မှ မိသားစုဝင်(၃)ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းစီဖြင့် ငွေကျပ် ၆၃၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး (၁)ပုံးတို့အား ယမန်နေ့ညနေ ၅ နာရီတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အဆိုပါရုံးမှသိရသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment