ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်



MNP - ဇွန်  ၂၆


ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်ဦးဆောင်၍ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့က ကျဘက်ကံပြင် ရေချိုငါးသားဖောက်စခန်း၌ ကိုဗစ် -၁၉ ညွှန်ကြားချက်နှင့်အညီကျင်းပခဲ့သည်။


ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်က အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆရာဖြစ်သည့် စခန်းတာဝန်ခံဦးကျော်လင်း ထွန်းက ရေချိုးငါးဆေးထိုးရခြင်းနှင့်ပတ်သတ်၍ ဘာသာရပ်အား ဇွန်လ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်ပါ၍ မိမိဌာနမှ နေ့စားဝန်ထမ်း(၇)ဦး၊ ငါးမွေးတောင်သူဦးရေ (၂၇)ဦး စုစုပေါင်းသင်တန်းသား (၃၀)ဦးတက်ရောက်ကြပြီး စာတွေ့၊လက်တွေ့သင်ကြားပို့ချမည်ဖြစ်သည်။


ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီးငါးရိက္ခာဖုံလှုံစေရန် ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းထံမှ သိရသည်။


သတင်း - လှကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)