၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့် ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့် ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင် စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ




MNP - ဇွန်  ၂၅


မွန်ပြည်နယ်အတွင်းရှိ တရားလွှတ်တော်နှင့် တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသားကျောင်းသူများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့တွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ဆုရရှိသော ကျောင်းသားကျောင်းသူများ တက်ရောက်ရာ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်းရှိ တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီးများအနက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ အခမ်းအနားများကို မွန်ပြည်နယ် တရားလွှတ်တော်အနေဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်ပြီးချိန်မှ ကျင်းပရခြင်းမှာ ယခုပညာသင်နှစ်တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ထူးချွန်စွာ အောင်မြင်သူများကို အားကျအတုယူကြိုးစားကြရန်နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့်လည်း မိမိတို့ဝါသနာပါရာ ဘာသာရပ်အသီးသီးကို ကြိုးစားသင်ယူပြီး ထူးချွန်အောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ပြည်နယ်တရားသူကြီးချုပ်မှ (၆)ဘာသာဂုဏ်ထူးရှင် မအိမ့်သော်တာဦးအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ဌေးမြင့်အေးမှ (၃)ဘာသာဂုဏ်ထူးရှင် မခိုင်ရွှေရည်ဝင့်ထည်အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ညိုမီစံမှ (၁)ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းနန္ဒကိုကိုအားလည်းကောင်း၊ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခင်နှင်းထွဋ်မှကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးအားလည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)