MNP ၊ ဇွန် ၂၅
စစ်ကိုင်းတိုင်းအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေသော တရုတ်နိုင်ငံအခြေစိုက် ဝမ်ပေါင်ကုမ္ပဏီသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းတခုကို NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် YPF အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်ပေါင်ကုမ္ပဏီသို့ ညောင်ပင်ကြီးလျှပ်စစ်ခွဲရုံမှတဆင့် သွယ်တန်းထားသော ဓာတ်အားလိုင်း ပင်မမီးတိုင်ကို ဇွန် ၂၄ ရက် ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း အကြမ်းဖက်သမားများက သတင်းထုတ်ပြန်ထားသည်။
PDF အပါအဝင် အမည်မျိုးစုံဖြင့် ဖွဲ့စည်းထားသော NLD အစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစံဖြင့် ဆောင်ရွက်လျက်ရှိပြီး သံဃာတော်များအပါအဝင် အပြစ်မဲ့ ပြည်သူများကို ယုတ်မာပက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment