အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်






MNP ၊  ဇွန်  ၅

“Oly One Earth”တစ်ခုတည်းသော ကမ္ဘာမြေဆောင်ပုဒ် နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက သံတွဲမြို့၊ ဒါးသွေးကျောက်တောင်ဘုန်းတော်ကြီးဝန်း ၌ ကျင်းပရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတက်ရောက်သစ်ပင် စိုက်ပျိုးပေးခဲ့သည်။

အခမ်းအနားတွင် တိုင်းဦးစီးချုပ်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်တာဝန်ရှိသူများက  ပျိုးပင်များအသီးသီးပေးအပ်ခဲ့ကြသည်။ဆက်လက်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်တာဝန်   ရှိသူများကပျဉ်းကတိုး(၄၀၀)၊မဟော်ဂနီ (၂၈၀)၊မန်ဂျန်ရှား(၃၀၀)၊မယ်ဇယ်(၅)ကံကော် (၅)၊သပြေ (၅)နှင့် ပုန်းညှက်(၅)ပင်စုစုပေါင်းပျိုးပင် (၁၀၀၀)ကိုစုပေါင်း စိုက်ပျိုးခဲ့ကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့်  တာဝန်ရှိသူများကလိုက်လံ  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)