မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ဆက်လက်ကွင်းဆင်းစစ်ဆေး




MNP - ဇွန်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အေးချမ်းပျော်ရွင်စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူရကျော်တို့သည် ယမန့်နေ့လည်တွင် ဆက်လက်၍ ကွင်းဆင်းကြည့်ရှုခဲ့သည်။


ထို့သို့ ကွင်းဆင်းကြည့်ရှု့ရာတွင် ငပုတောမြို့နယ်အတွင်းရှိ ကညင်ငူအုပ်စု ကညင်ငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကျောက်တံခါး ကျေးရွာအုပ်စု ကျောက်တံခါးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကန်ချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ သဇင်ကျွန်းကျေးရွာအုပ်စု သဇင်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျားဘိုကုန်းကျေးရွာအုပ်စုကျားဘိုကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့သည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းစာသင်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုကာ စာသင်ဆောင်များ၊ စာသင်ခုံများထားရှိမှုနှင့် သောက်သုံးရေရရှိမှူ အခြေအနေကိုလည်ကောင်း ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သွေးလွန်တုတ်ကွေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေး မှာကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူဆရာဆရာမမှ ကျောင်း၏ လိုအပ်ချက်များကို ပြန်လည်တင်ပြလာမှူ အပေါ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)