တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

 


MNP - ဇွန်   ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းချိန်များ၌ သစ်ပင်သစ်ကိုင်းများ ကျိုးကျ၍ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီ တာမွေမြို့နယ် ကျိုက္ကဆံလမ်းတစ်လျှောက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။


ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


“ယခုလို မြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့်မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးတာဟာ မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအတွက် အရမ်းကောင်းမွန်တဲ့ ဝန်ဆောင်မှု တစ်ခုပါ။ မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ကျိုးကျမှုတွေကလည်း မြို့နယ်အတွင်း မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ ရှိတာကြောင့် လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ရှိနိုင် သည့်အတွက် ကျွန်မအပါအဝင် ရပ်ကွက်နေပြည်သူတွေအဖို့ သွားရေးလာရေးတွင် အမြဲတမ်း သတိထားပြီး သွားလာနေရပါတယ်။ ယခုလို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ် ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပေးခြင်း အားဖြင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် လျှပ်စစ်ဌာနအနေဖြင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူး ပေးနိုင်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)