ဘူးသီးတောင်မြို့၌ မိုးဦးကာလ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ မိုးဦးကာလ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ ဆောင်ရွက်




MNP ၊ ဇွန် ၂၃

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်ရေဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယမန့်နေ့ နေလည် ၁၂နာရီအချိန် အထက( ခွဲ)အလက (၃)စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းဝင်းနိုင်က  သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါကမီးသတ်တပ်ဖွဲ့ဝင်များကူညီဆောင်ရွက်နေမှုအခြေအနေများ၊  မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များ ဟောပြောခဲ့ပြီး အသက်ကယ် Life Jacket ဝတ်ဆင်အသုံးပြုတတ်စေရေးနည်းများ ၊ စသည့်တို့ကို ကျောင်းသား/သူများအား လက်တွေ့သရုပ်ပြ လေ့ကျင်းပေးခြင်းများပြသကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှထုတ်ဝေသည့်ဘေး( ၈)မျိုးပါဝင်သော လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။

ထိုနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွယ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပန်းဇင်ချောင်းတံတားအောက်ချောင်း၌ ရေဘေးအန္တရာယ်ရာယ်နှင့် ပတ်သတ်၍ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မီးသတ် ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးငြိမ်းထွန်း နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)