မောင်တောမြို့၌ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်စပါးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်စပါးပေးအပ်





MNP ၊ ဇွန် ၂၁

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌  စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည် မြောင် ဝန်ကြီး ဌာန ၊ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက် စေရေး အတွက် မိုးစပါး မျိုးစေ့ ထုတ် တောင်သူ များအား မျိုးသန့်စပါးပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်  မြို့နယ်ဦးစီးမှူးရုံးတွင် ပေး အပ် ခဲ့ကြသည်။  

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင်က အမှာစကားပြောကြားပြီး  ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးသာကျော်မှ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ကူညီရသည့် ရည်ရွယ် ချက် များ နှင့် ဆောင်ရွက်ရမည့် လုပ်ငန်း နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး တို့က မျိုးသန့် ၊မျိုးကောင်းများအား ပေးအပ်ရာ ကျေး ရွာများအလိုက် တောင်သူများက လက်ခံရယူကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ဝင် ဦးဦးခင်မောင် ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသာ ကျော် ၊ မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းမောင်  ၊ ခရိုင်/မြို့ နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် မျိုးစေ့ ထုတ် တောင်သူ  ၃၅ ဦး တက်ရောက်ခဲ့ကြသည်။ 

မောင်တော ခရိုင် အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး လျာထားချက်မှာ (၈၂၃၅)ဧကရှိပြီး မျိုးစေ့ ထုတ် လုပ်မည့် ဧက ၈၀ ကို ကျေးရွာပေါင်း  ၄ ရွာ တွင်  ဆင်းသွက်လတ် ၅၅ ဧက  နှင့် ပေါ်ဆန်းရီ ၂၅ ဧက  စပါးမျိုး များကို စိုက်ပျိုးထုတ်လုပ်သွားမည့် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းမောင်၏ ပြောကြားချက် အရ သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)