ခွင့်ဖြင့် ပြန်လာသည့် ဒုတပ်ကြပ် တစ်ဦး အကြမ်းဖက်သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခွင့်ဖြင့် ပြန်လာသည့် ဒုတပ်ကြပ် တစ်ဦး အကြမ်းဖက်သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံး



MNP ၊ ဇွန် ၂၁

မန္တလေးမြို့တွင် လောက်ကိုင်မှ ခွင့်ဖြင့်ပြန်လည်ရောက်ရှိနေသည့် တပ်ကြပ်တစ်ဦး အကြမ်းဖက်သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ယနေ့ ၂၁ - ၆ -၂၀၂၂ ရက်နေ့ (၇ ၄၅) အချိန် သံနောက်ရပ်ကွက် အကွက် ၃၇၇ အောင်ချမ်းသာရပ်တွင် လူတစ်ဦး သေနက်ပစ်ခံရကြောင်းသတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာ သေနက်ပစ်ခံရသူမှာ ခမရ ၃၂၂ လောက်ကိုက်မြိုမှ ခွင့်ဖြင့်ပြန်လာသူ  ဒုတက တင်မျိုးထွေး ဆိုသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ၄၁ အောက်ဈေးမှ ဈေးဝယ်ပြီး ၄၁ A လမ်းအတိုင်း တစ်ဦးတည်ခြေလျှင် အရှေ့မှ အနောက်သို ၎င်းမိဘ‌နေအိမ်သို လမ်းလျှောက်ပြန်လာစဉ် 91H-ကမ်းနားလမ်းကြားအရောက် CZI ရုပ်ဆိုးဆိုင်ကယ်အနောက်ရောင်ဖြင့် အမည်မသိအကြမ်းဖက်သမား နှစ်ဦးက သေနက်ဖြင့် ၄ ချက်ခန့်ပစ်ခတ်ခဲ့ရာ နောက်စိ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါးဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနထင် ရှက်ထိဒဏ်ရာ ၁ ချက် တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)