ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးစပါးဧက(၁၀၀)တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိ ရေး ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးစပါးဧက(၁၀၀)တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိ ရေး ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး




MNP - ဇွန်   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု တောင်သူ ဦးမျိုးနိုင်၏ ကွင်းအမှတ် -၃၇ ဂ၊ ဦးပိုင်အမှတ် ၁၃/၁ တွင် ၂၀၂၂-၂၀၂၃ မိုးစပါးဧက (၁၀၀)တွင် တစ်ဧက တင်း (၁၀၀)ထွက်ရှိရေး ဘောင်ပျိုး စနစ်ဖြင့် ပျိုးထောင်ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည်ရှု အားပေးခဲ့ကြောင်း သိရသည်။


“ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းကြောင့် မျိုးစေ့ကုန်ကျမှု သက်သာစေခြင်း၊ ပျိုးပင်ဖြစ်ထွန်းမှု မြန်ခြင်းနှင့် ပျိုးပင်များ ကျန်းမာသန်စွမ်းစေခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးပြီးလျှင် ကောက်ပင်များ လျင်မြန်စွာ သန်စွမ်းလာခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် တစ်ကွင်း တစ်ဆက်တည်း ဧက(၁၀၀)မှာ ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးမည်ဖြစ် ကြောင်း” မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်မောင်ဦး ပြောကြားချက်အရ သိရသည်။


ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ မိုးစပါးဧက(၁၀၀)တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဘောင်ပျိုး စနစ်ဖြင့် ပျိုးထောင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တောင်သူများ စုစုပေါင်း အင်အား(၈၃)ဦး တက်ရောက်ခဲ့ပြီး ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘုရားကြီးကုန်းကျေးရွာ အ.ထ.က ဘုရားကြီးကုန်း ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)