စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာကဏ္ဍ စက်စွမ်းအား တိုးမြှင့်အသုံးပြုရေး ပညာပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာကဏ္ဍ စက်စွမ်းအား တိုးမြှင့်အသုံးပြုရေး ပညာပေးဆွေးနွေး

 



MNP - ဇွန်  ၂၅


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာကဏ္ဍစက်စွမ်းအား တိုးမြှင့်အသုံးပြု‌ရေး ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ (SMU) ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဒက္ခိဏခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် ဝန်ထမ်းများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် စိတ်ပါဝင်စားသူ တောင်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနိုင်ဦးနှင့် ဦးစီးအရာရှိ ဦးသွယ်မောင်မောင်ထွန်းတို့က စက်မှုလယ်ယာအကြောင်းများအား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဒက္ခိဏခရိုင်ဦးစီးမှူး ဦးဝင်းမြင့်မှ စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍစက်စွမ်းအားတိုးမြှင့်အသုံးပြုရေး အကြောင်းများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ များက သိရှိလိုသည်များကို တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)