ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေးလျက်ရှိ



MNP ၊  ဇွန်  ၃၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးသော ဦးတည် အုပ်စု တွင်ပါဝင်သူများ အား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  သတ်မှတ်စုရပ် နေရာများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ဇွန် ၂၇ ရက်နေ့တွင်  ပြည်သူ ၅၁၂ ဦးအား လည်းကောင်း၊ ဇွန် ၂၈ ရက်နေ့တွင်  ပြည်သူ ၃၇၉ ဦးအား လည်းကောင်း၊ ဇွန် ၂၉ ရက်နေ့တွင် ပြည်သူ ၂၇၁ဦးအား လည်းကောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန် ချက် များ နှင့် အညီ ဆက် လက်ထိုး နှံပေးလျက်ရှိကြောင်း သိရ သည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ  ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာ ကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း စသည့်ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေခဲ့ကြောင်း သိရသည်။ 


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)