ကျိုက်ထိုမြို့နယ် Community Center ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ် Community Center ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ပြုလုပ်




MNP ၊  ဇွန် ၂၀

မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို  ဇွန်(၂၀)ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမြို့လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က  မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ ကျောင်းသား၊ကျောင်းသူများနှင့် မူးယစ်ဆေး၏ အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးကြောင့်  ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ စသည့် မူးယစ်ဆေး၏ အန္တရာယ်နှင့် ဆိုးကျိုးများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲကိုပြုလုပ် ရာ အမှတ် (၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ခင်းကျင်း ပြသ‌ထားသောစာအုပ်စာစောင် များအား  လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)