ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်



MNP - ဇွန်   ၂၆


ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတဆင့် အသိပညာပေး Talk Showများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေး ဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။


အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Showကို ပျဉ်းမနားမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(နေပြည်တော်)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စာရေးဆရာ ခိုင်မင်း (နေပြည်တော်)နှင့် မြို့နယ် Book Club အဖွဲ့ဝင် ဦးလင်းထွဋ်တို့က မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးများ စတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးစတင်သုံးစွဲမိစေတဲ့ အခြေခံအကြောင်း တရားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် မူးယစ်ဆေးဝါးတွေလျော့နည်းပပျောက်ရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အကျယ်တဝင့် ဆွေးနွေးကြသည်။


ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူးဆောင်ရွက်သည့် အဆိုပါ အသိပညာပေး Talk Show အပြည့်အစုံကို ပျဉ်မနားမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageနှင့် Pyinmana Community Centre Page များတွင် အွန်လိုင်းမှတဆင့် အသိပညာပေးခြင်း ကဏ္ဍအဖြစ် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်မင်းလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)