စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ် Community Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်



MNP - ဇွန်  ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းကနိုင်ငံတော်အစိုးရမှ မသန်စွမ်းသူများအတွက်  ပြဋ္ဌာန်းထားသည့်  အခွင့်အရေးများ ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုများ၊   အနိုင့်အထက်ပြုခြင်းများရှိခဲ့လျှင်  ဥပဒေအရ အကာအကွယ်ပေးနေမှု အခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေး နေမှု၊  မသန်ပေမဲ့လည်း စွမ်းဆောင်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးဝင်းကြည် (စာရေးဆရာရှေ့နေ ဝင်းကြည်)က မသန်စွမ်းသူများအနေဖြင့်  မြန်မာနိုင်ငံတွင် (၁၉၅၈)ခုနှစ်ကတည်းက မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးများဆိုင်ရာ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ခုနှစ်မှာလည်း  မသန်စွမ်းသူများနှင့်ပတ်သက်သည့် အခွင့်အရေးဆိုင်ရာ တန်းတူညီမျှရရှိစေရေးဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့်  မသန်ပေမဲ့လည်းစွမ်းဆောင်နိုင်သူများဖြစ်သည့်အတွက် စိတ်ဓာတ်ခွန်အားကျစရာမလိုကြောင်းအသီးသီးဆွေးနွေးပြောကြားခဲ့သည်။


သတင်း -  ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)