ရမ်းဗြဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းလူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းလူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်


MNP ၊  ဇွန်  ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးန  Community Centre ခန်းမလူထုအခြေပြု ဗဟိုဌာနတွင်  ယမန်နေ့ ညနေပိုင်းက  စာအုပ်စာပေချစ်မြတ်နိုးသူ   ကျောင်းသား/ကျောင်းသူများ  အသိပညာဗဟုသုတတိုးပွားလာရေန်နှင့်  စာကြည့်တိုက်သို့လာရောက်ပြီးစာအုပ်စာပေများကို စဉ်ဆက်မပြတ်လေ့လာဖတ်ရှုသည့်အလေ့အကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်လျက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြ‌‌ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင် က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ် (၁၀) စာမျက်နှာ ၁၁ ပါ ၊ ရွာသားဖိုးမောင် ရေးသားသည့်“ ပညာနှင့်တူသောအလင်းရောင်” ဆောင်ပါးကို ဖတ်ကြားပြီးဦးဆောင်ဆွေးနွေးသည်။ ယင်းနောက်စာဖတ်ဝိုင်းတွင် ပါဝင်ကြသည့် ကျောင်းသား/ကျောင်းသူများကလည်း ၎င်းဆောင်ပါးပါ အကြောင်းအရာများကိုဖတ်ကြားကြပြီး ဆွေးနွေးကြရာ  ကျောင်းသား/ကျောင်းသူများ၏  ဆွေးနွေးချက်များအပေါ်တွင် ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်မှ ဖြည့်စွက်ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)