အုတ်တွင်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

 


MNP - ဇွန်   ၂၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၌ နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ကွမ်းသီးခြံကျေးရွာနေ တောင်သူဦးတင်အုန်း၊ ကွင်းအမှတ် ၃၅၅၊ ဦးပိုင် အမှတ် ၁၀၊ စိုက် ဧက (၇) ဧကတို့တွင် မိုးစပါး Drum Seeder ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြတ်မင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


ထိုသို့ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက်မျိုးစေ့နှုန်း ထားလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း၊ ပေါင်းနှိမ်နင်းရန်လွယ်ကူစေ၍ လေဝင်လေထွက်ကောင်းသည့် အကျိုးကျေးဇူး များရရှိနိုင်ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဆက်လက်၍ တောင်သူများထံသို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ GW-11 စပါးမျိုး၊ ပဲတီစိမ်း (ရေဆင်း-၁၁) မျိုးများကို တာဝန်ရှိသူအသီးသီးက ထောက်ပံ့ ပေးအပ်ခဲ့ပြီး၊ စပါးမျိုးစေ့များဆားရည်စိမ်ခြင်း၊ ငရုတ်သီးဖြင့် ပိုးသတ်ဆေးရည်ပြုလုပ်ခြင်းများကို လက်တွေ့သရုပ်ပြခဲ့ကြောင်းနှင့် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)