အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) GTI ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် A.G.T.I (ပထမနှစ်) (ပထမနှစ်ဝက်) သင်တန်း စတင်ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) GTI ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် A.G.T.I (ပထမနှစ်) (ပထမနှစ်ဝက်) သင်တန်း စတင်ဖွင့်လှစ်သင်ကြား






MNP ၊  ဇွန်  ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်‌ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) GTI ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် A.G.T.I (ပထမနှစ်)(ပထမနှစ်ဝက်) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီကစတင်ဖွင့်လှစ်သင်ကြား လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ  အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိ ကြောင်း သိရသည်။


ထိုသို့ သင်ကြားလျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး A.G.T.I သင်တန်းသား၊ သင်တန်းသူ များအတွက် အခြေခံအဆောက်အအုံများဖြစ်သည့် စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံများနှင့် သင်ကြားမှု၊ သင်ယူမှုအတွက် စက်ပစ္စည်းများ၊ လက်တွေ့သုံးပစ္စည်းများဖြည့်စည်းထားရှိပြီး တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးနိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိသည်။ 


အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းတွင် AGTI ပထမနှစ်(ပထမနှစ် ဝက်) သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၁၂ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံမှုများ ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၈၀) ကျော်မှ တက်ရောက်သင်ယူလျက်ရှိကာ  ဆရာ၊ ဆရာမ (၄၂) ဦးတို့မှ နံနက်(၈)နာရီမှ ညနေ(၄) နာရီအထိ သင်ကြားပို့ချပေးလျက်ရှိသည်။ ယင်းနောက် သင်ကြားမှုအပိုင်းတွင် အဓိကမေဂျာဘာ သာရပ်များအနေဖြင့် Civil (မြို့ပြအင်ဂျင်နီယာ)၊ EP (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) ၊ IT(သုတ နည်းပညာ) စသည့်ဘာသာရပ်များကို ပြသပေးလျှက်ရှိကြောင်း ၎င်းကျောင်းမှ ဒုတိယကျောင်း အုပ်ကြီး ဒေါက်တာ ဦးကျော်ငြိမ်းက ပြောကြားသည်။  


ထိုသို့ AGTI ဒီပလိုမာသုံးနှစ်သင်တန်းပြီးဆုံးပါက သင်တန်းသား၊ သင်တန်းသူများ အနေ ဖြင့် အင်ဂျင်နီယာကျွမ်းကျင်အဆင့်ဆိုင်ရာ အလုပ်အကိုင်များအား စက်မှုနှင့် စီးပွားရေးလုပ်ငန်း များ၌ Techniccian Level အဆင့် အင်ဂျင်နီယာကျွမ်းကျင်ပညာရှင်အဖြစ် လွယ်ကူစွာဝင် ရောက်နိုင်မည်ဖြစ်ပြီး အစိုးရဝန်ထမ်းဝင်ရောက်ပါက ဝင်ရောက်နိုင်မည် ဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) GTI ကျောင်းမှ သိရသည်။ 


သတင်း -  တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)