ပြည်သူ့စစ်အင်အားဖြင့် လုံခြုံရေးပေး၍ တန့်ဆည်မြို့နယ်တွင် ကျောင်းများဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့စစ်အင်အားဖြင့် လုံခြုံရေးပေး၍ တန့်ဆည်မြို့နယ်တွင် ကျောင်းများဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရ





MNP ၊ ဇွန် ၇

PDF အစွန်းရောက် အကြမ်းဖက်သမားများက ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိစေရန် နည်းမျိုးစုံဖြင့် နှောက်ယှက်နေသည့် ကြားမှ ဆရာတော်ဦးဝါသဝ၊ ဗိုလ်ကြီး ကျော်သူရိန်တို့ ၏ ဦးဆောင်မှုဖြင့် တန့်ဆည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးညွန့်ခိုင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက စာသင်ကျောင်းများ လုံခြုံရေးကို ရာနှုန်းပြည့် ဆောင်ရွက်ပေးပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးညွန့်ခိုင်က "၂-၆-၂၀၂၂ ရက်နေ့က ကျောင်းတွေစဖွင့်ခဲ့ပါတယ်။  ဘေရင်  အ ထ က၊ မူး ခွ  အ ထ က၊   မူးတိန်   အ မ က၊  နားဋောင်း  မူလွန်၊ ကျွန်းလည်  အ လ က ကျောင်းများ ဖွင့်ပေးနိုင်ခဲ့ပါတယ်။  တန့်ဆည်မြို့နယ်မှာတော့ ဗိုလ်ကြီးကျော်သူရိန် ဦးစီးပြီး  ကျွန်တော်တို့ ပြည်သူ့စစ်တွေနဲ့ ပေါင်းစည်းပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်အောင် လုံးခြုံးရေးကို ရာနှုန်းပြည့် ပံပိုးပေးခဲ့ပါတယ်။  ကျောင်းများ၏ လိုအပ်ချက်များကို တာဝန်ရှိ လူကြီးများအနေနဲ့ အမြန်ဆုံး ကူညီဆောင်ပေးဖို့ကို မေတ္တာရပ်ခံ လိုပါတယ်။ လုပ်အားပေး ဆရာ၊ ဆရာမတွေ ပြည့်စုံအောင် ချထားပေးနိုင်ဖို့၊ ကျောင်းသုံးစာအုပ်တွေ အမြန်ဆုံး ပို့ဆောင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။" ဟု ပြောသည်။

ဦးညွန့်ခိုင်သည် ကာပေါင်းကျကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး သူ၏ မိသားစုဝင် ၄ဦးကို PDF အစွန်းရောက် အကြမ်းဖက်သမားများက သတ်ဖြတ်ခြင်းကြောင့် တိမ်းရှောင်နေရာမှ ဒေသတည်ငြိမ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်ထမ်းဆောင်၍ ဆရာတော်ဦးဝါသဝ၊ ဗိုလ်ကြီး ကျော်သူရိန်တို့နှင့်အတူ ပေါင်းစည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တန့်ဆည်မြို့နယ်အတွင်း ပြည်သူ့စစ်လုံခြုံရေးပေးနိုင်သော ကျေးရွာများတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူ့စစ်မဖွဲ့စည်းနိုင်သေးဘဲ PDF အကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသည့် ကျေးရွာများတွင် ကျောင်းများ ပြန်လည်ဖွင့်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)