ကျွန်းလှမြို့နယ် နောင်ကောက်ကျေးရွာ အနီးရှိ ညောင်မြစ်ရေနံမှော်မှ ရေနံအမြောက်အများ ထွက်နေပြီး KIA, PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ယူလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ် နောင်ကောက်ကျေးရွာ အနီးရှိ ညောင်မြစ်ရေနံမှော်မှ ရေနံအမြောက်အများ ထွက်နေပြီး KIA, PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ယူလျက်ရှိ

 


MNP ၊ ဇွန် ၂၀

ကျွန်းလှမြို့နယ်၊ နောက်ကောက်ကျေးရွာ အနီးရှိ ညောင်မြစ်ရေနံမှော်မှ ရေနံအမြောက်အများ ထွက်နေပြီး KIA, PDF အကြမ်းဖက်သမားများက ဆက်ကြေးကောက်ယူလျက်ရှိကြောင်း သိရသည်။


ဒေသခံတစ်ဦးက " ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာ၊ ညောင်မြစ် ရေနံမှော်က လျံတွင်းတွေ ထွက်နေတာ။ တန့်ဆည်မြို့နယ်ထဲမှာ CPC PDF အဖွဲ့ဆိုတာ ပေါ်လိုက်သေးတယ်။ သတိပြုမိလားတော့ မသိဘူး။ အဲဒီ CPC PDF ခေါင်းဆောင် မိုးဝင်း နဲ့ ကုလား ညီအစ်ကိုနှစ်ယောက် က အဲဒီရေနံတွင်းတွေမှာ စီးပွားရှာနေတာ။ သူတို့ တွင်းက တစ်နေ့ကို ပေပါ ၉၀၀ လောက်အထိ ရနေတယ်။ တန့်ဆည်မြို့နယ်၊ ဖလန်ချိုင်ရွာက ပုပ်ကြီး ဆိုတဲ့ လူရဲ့ တွင်းကတော့ အများဆုံးထွက်တယ်လို့ သတင်းကြီးတယ်။ တစ်ရက်ကို ပေပါ ၁၀၀၀ ကျော် ထွက်နေတယ်ဆိုတာ နည်းတဲ့ ပမာဏမဟုတ်ဘူး။ လျှံတွင်းဆိုတာက ခပ်စရာကို မလိုဘဲ လျှံထွက်ကျနေတာ။ ဒေသအခေါ်တော့ လျှံတွင်းပေါ့ဗျာ။ မိုးဝင်းနဲ့ ကုလား ညီအစ်ကိုနှစ်ယောက်ရဲ့ တွင်းရယ်၊ ပုပ်ကြီးရဲ့ တွင်းမှာ က တန့်ဆည်မြို့နယ်၊ ဆည်းဆာရွာသားတွေ အလုပ် လုပ်နေကြတယ်။ အားလုံးက PDF နော်။ သူတို့ပဲ ကြီးစိုးထားတယ်။ တခြားသူတွေက သူတို့ဆီက မြေဝယ်၊ ဆက်ကြေးပေးပြီး လုပ်ယူနေကြရတယ်။" ဟု ပြောသည်။


အဆိုပါဒေသတွင် တရားမဝင် ရေနံချက်စက်ရုံများ တည်ဆောက်၍ လုပ်ကိုင်လျက်ရှိကြောင်း၊ KIA, PDF အကြမ်းဖက်သမားများ၏ အဓိက ငွေရပေါက်ရလမ်းဖြစ်နေပြီး အမြန်ဆုံး ရှင်းလင်းရန်လိုကြောင်း ဒေသခံများက ဆက်သွယ် ပြောဆိုသည်။


"ရေနံက အမြောက်အများထွက်နေတာ။ ဒီနေရာကို အစိုးရက သေသေချာချာ ရှင်းလင်းပြီး လုပ်ရမှာ။ အမဲရောင်နယ်မြေလို ဖြစ်ပြီး KIAနဲ့ PDF က လုပ်စားနေတဲ့ သဘောဖြစ်နေတယ်။ သဖမ်းဆိပ်ဆည်ထဲက ရွှေေမျောတွေမှာလည်း KIA, PDF က ဆက်ကြေးတောင်းနေတာပဲ။ လမ်းပေါ်တက်လာလို့ ဖမ်းမိတာက အနည်းအကျဉ်းပဲ။ ထွက်နေတာနဲ့ ဖမ်းမိတာနဲ့က ဘာမှ မပြောပလောက်ဘူး။ နေ့စဉ် ပေပါ ရာချီ၊ ထောင်ချီထွက်နေတာကို။ ဖမ်းမိတာ ကားလေးတစ်စီး၊ နှစ်စီးပဲ ရှိတယ်။ အခု ရေနံတွေကို ဆည်းဆာဘက်ကို သယ်ထုတ်ဖို့ လုပ်နေကြတယ်လို့ သတင်းကြားတယ်" ဟု ဒေသခံက ပြောသည်။


KIA, PDF အကြမ်းဖက်အဖွဲ့များက ရွှေနံမှော်နှင့် ရွှေမျောများမှ ငွေကြေးအမြောက်များ ရရှိနေခြင်းကြောင့် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းပြီး ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများက တိုက်တွန်း ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)