MNP ၊ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနကဦးဆောင်ကြီးမှူး၍ မြို့နယ်အတွင်းကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အသိပညာမေးဟောပြောခြင်းများကို ယမန်နေ့က မအီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မအီမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးလှဝင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးပြောကြားခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းလွင်နှင့် စာရေးဝန်ထမ်းဒေါ်သိန်းသိန်းယဉ်တို့က လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment