MNP ၊ ဇွန် ၂၉
စစ်ကိုင်းတိုင်းအတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များ နယ်မြေလုရာမှ ယင်းမာပင် PDF အကြမ်းဖက်ခေါင်းဆောင် ဗိုလ်ဂဠုန်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ PDF အကြမ်းဖက်ခေါင်းဆောင်သည် ဇွန် ၂၇ရက်က နေအိမ်သို့ ခဏပြန်စဉ် အိမ်ရှေ့၌ အခြား PDF အကြမ်းဖက်အဖွဲ့က စောင့်ဆိုင်း၍ သေနတ်ဖြင့် ရှစ်ချက်ပစ်ကာ သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် နေအိမ်သို့ လျှို့ဝှက်ပြန်လာခြင်းဖြစ်၍ အဖွဲ့တွင်းမှ နေရာလုလိုသူများက လုပ်ကြံသတ်ဖြတ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment