မုံရွာမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး လုပ်ကြံခံရ၊ ကျူးလွန်သူ PDF အကြမ်းဖက်ခေါင်းဆောင်အား အသေဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး လုပ်ကြံခံရ၊ ကျူးလွန်သူ PDF အကြမ်းဖက်ခေါင်းဆောင်အား အသေဖမ်းမိ






MNP ၊ ဇွန် ၁၉

ယနေ့ ဇွန် ၁၉ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး လုပ်ကြံခံရပြီး ကျူးလွန်သည့် PDF အကြမ်းဖက်ခေါင်းဆောင်အား အသေဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာယနေ့ နံနက် ၇နာရီခွဲခန့်က မုံရွာမြို့၊ ကျောက်ကာလမ်း ပေါ်ရှိ ပြည်သစ်ကွမ်းယာဆိုင်ရှေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးသန်းဇော်ထွန်းဆိုသူသည် ကားပေါ်၌ ထိုင်နေစဉ် မုံရွာ Hero group အမည်ခံ PDF အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် ဗိုလ်လရောင်ဆိုသူက ဆိုင်ကယ်ဖြင့်ရောက်လာကာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရသည်။

အဆိုပါ PDFအကြမ်းဖက်သမားအား လုံခြုံရေး ပူးပေါင်းအဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးရာ ၎င်းအား ပစ္စတိုသေနတ် နှစ်လက်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)