မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး



MNP ၊ ဇွန် ၂၅

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် နိုင်ငံသားများ၏ ပညာသင်ကြား သင်ယူခွင့်ကို တားဆီးပိတ်ပင်ရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာ ရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၄ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊ သာစည်လမ်းရှိ ပညာရေးဒီဂရီကောလိပ်၊ လေ့ကျင့်ရေး အလယ်တန်းကျောင်းအား သာစည်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက် လုပ်ဗုံးမှာ ကျောင်းဝင်ပေါက်အရှေ့ရှိ သာစည်လမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ရပ်ကွက်(၁)ရှိ ကျောင်းသူ၊ ကျောင်းသား ၁၂၈၇ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းအား ကျောင်း၏အနောက်ဘက်လမ်းအတိုင်း ဆိုင်ကယ်မောင်း နှင်လာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ပြီး လက်လုပ်မိုင်းမှာ ကျောင်းစာကြည့်တိုက်နှင့် နှစ်ထပ်ကျောင်းဆောင်ကြားရှိ ကွန်ကရစ်ရေမြောင်း အတွင်း ကျရောက်ပေါက်ကွဲရာ ပေါက်ကွဲမှုကြောင့် ကွန်ကရစ်ရေမြောင်း၊ စာကြည့်တိုက်တွင် တပ်ဆင်ထားသည့် ပြတင်းတံခါးမှန်များ၊ နှစ်ထပ်ကျောင်းဆောင်အောက်ထပ်ရှိ စာသင်ခန်း၏ လေကာမှန်၊ ပြတင်းတံခါးမှန်များနှင့် နှစ်ထပ်ကျောင်းဆောင်အမိုး၊ မျက်နှာကျက်တို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း၌ PDF အမည်ခံအကြမ်းဖက် သမားများက ကလေးငယ်များ၏ ပညာသင်ကြားမှုများ ဆက်လက်မပြုလုပ်ရန် ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်ကို လာရောက်ပစ်ပေါက်ချထားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရာ တိုင်းရင်းသားပြည်သူ လူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူး လွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်လူငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)