ဒီပဲယင်းမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်းကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်းကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီး



MNP ၊ ဇွန် ၁၆

ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ရှိ မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့၍ ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း  သိရသည်။


ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်တွင် ဒီပဲယင်းမြို့နယ် အတွင်းရှိ PDF အမည်ခံအကြမ်းသမားများက အင်တန်းကျေးရွာဘက်မှနေ၍ ဒီပဲယင်းမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ လက်လုပ်စိန်ပြောင်းကျည်မှာ တောင်ပြင်ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် သွပ်မိုး၊ အုတ်ကာ တစ်ထပ်တစ်ထပ်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဓာတ်မှန်ဆောင်တွင် မိုးထားသည့် အမိုးသွပ် ၃ ချပ်နှင့် မျက်နှာကျက် ၂ ပေခန့် ပွင့်ထွက်ပျက်စီးခဲ့ပြီး လူနှင့်စက်ပစ္စည်းများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ဆေးရုံအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)