MNP - ဇူလိုင် ၂၇
ချမ်းအေးသာစံမြို့နယ်တွင် အိမ်သုံးမီတာများကို AMI Smart Meter များဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း ၉၃.၆၅ ရာခိုင်နှုန်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ ချမ်းအေးသာစံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးစနစ်တွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ AMI System၊ Online Payment System Automatic Billing System နှင့် မီတာအလိုအလျှောက် ဖတ်ရှုမှုစနစ်နှင့် ဓာတ်အားခကြွေးကျန်မှုများရှိပါက AMI Smart Meter အတွင်းရှိ Relay ဖြင့် ဓာတ်အားဖြတ်တောက်မှုစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ချမ်းအေးသာစံမြို့နယ်တွင် အိမ်သုံးမီတာများကို AMI Smart Meter များဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အိမ်သုံးမီတာ ၃၈၄၀၀ လုံးကျော်၊ ရာခိုင်နှုန်း အားဖြင့် ၉၃.၆၅ ရာခိုင်နှုန်းကို လဲလှယ်ပြီးဖြစ်ကြောင်း၊ ပါဝါမီတာများ လဲလှယ်နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ထိပ်ထားနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment