ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့် လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့် လှစ်ပို့ချ

 



MNP - ဇူလိုင်   ၂၇


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း) သင်တန်းခန်းမ၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ကို ယမန်နေ့ ညနေ(၄)နာရီက ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သင်တန်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)မှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြဦးက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများလာရောက်ဆောင်ရွက်သည့် ပြည်သူများနှင့် ပြောဆိုဆက်ဆံဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍  ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို သင်ကြားပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ၎င်းသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးအဓိပ္ပါယ်၊ ပြည်သူ့ဆက်ဆံရေး၏ လုပ်ငန်းသဘာဝ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း အောင်မြင်စေရန် ပြည့်စုံရမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ရည်ရွယ်ချက်ပန်းတိုင်များ၊ မှန်ကန်ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေး၊ ပြဿနာတစ်ရပ်အတွက် အဖြေရှာနည်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူ့ထင်မြင်ချက်အရေးကြီးမှုနှင့် ဦးစီးဌာန၏ ဝန်ဆောင်မှုအရည်အသွေး စုစုပေါင်းဘာသာရပ်(၉)မျိုးကို သင်ကြားပို့ချပေးခဲ့သည်။


အဆိုပါ ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂)တွင် သင်တန်းသား သင်တန်းသူ စုစုပေါင်း(၇)ဦး တက်ရောက်ခဲ့ကြကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)မှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)