မြစ်ကြီးနားမြို့နယ်ပညာရေးဌာန ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့နယ်ပညာရေးဌာန ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

 



MNP - ဇူလိုင်   ၂၇


၂၀၂၀ -၂၀၂၁ နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍရေးနှစ် မြစ်ကြီးနားမြို့နယ် ပညာရေးဌာန ငွေစုငွေချေး သမဝါယမအသင်းလိမိတက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ယနေ့နံနက် ၁၀ နရီက ကျင်းပခဲ့သည်။


ရှေးဦးစွာ အသင်းသဘာပတိ မြစ်ကြီးနားမြို့နယ် ပညာရေးမှူး‌ ဒေါ်သန်းသန်းညွန့်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်နိုင်နိုင်မော်က အသင်းဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများအား လမ်းညွှန်စကားပြောကြားခဲ့သည်။


ထို့နောက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ၂၀၂၀ -၂၀၂၁ နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍရေးနှစ်အတွက် နှစ်ချုပ်စစ်ဆေးချက်အစီရင်ခံစာ တင်သွင်းခြင်း၊ အသင်းသူအသင်း သားများက အကြံပြုဆွေးနွေးခြင်း၊ အသင်း၏ အထွေထွေကိစ္စများ ရှင်းလင်းတင်ပြခြင်း၊ အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းကို အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက် ခဲ့ကြသည်။


ယင်းနောက် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တက္ကသိုလ် ဝန်တန်းစာ‌‌မေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မြစ်ကြီးနားမြို့နယ် ပညာရေးဌာန ငွေစုငွေချေးသမဝါယမ အသင်းသူ အသင်းသားများ၏ သားသမီး (၁၇)ဦးတို့အား ပညာရည်ချွန်ဆုချီးမြှင့် ပေးအပ်ခဲ့ကြကြောင်းနှင့် မြစ်ကြီးနားမြို့နယ် ပညာရေးဌာန ငွေစုငွေချေးသမဝါယမ အသင်းလိမိတက် အသင်းသူအသင်းသားဦးရေ (၁၄၆၁)ဦးရှိပြီး အခမ်းအနားသို့ (၉၃၄)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)