သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စီမံကိန်း စီမံခန့်ခွဲမှု(AVIP)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စီမံကိန်း စီမံခန့်ခွဲမှု(AVIP)သင်တန်းဖွင့်လှစ်

 




MNP - ဇူလိုင်  ၁၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်  ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းစီမံခန့်ခွဲမှု(AVIP) သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် စီမံကိန်းစီမံခန့်ခွဲမှု(AVIP)သင်တန်းပြုလုပ်ရခြင်း  ရည်ရွယ်ချက်များ ရေရှည်တည်တံ့ အောင်မြင်စေရန်၊   စာရင်းဇယားများ   ပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန်နှင့်  ကျေးလကဥပဒေများ သိရှိစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်  ဝန်ထမ်းများက  ရှင်းလင်းပို့ချပေးခဲ့ပြီး သင်တန်းတွင်သံတောင်ကြီးမြို့နယ်အတွင်းရှိကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းစီမံခန့်ခွဲမှု(AVIP)ကျေးရွာ(၁၁)ရွာမှ သင်တန်းသား/ သင်တန်း သူ (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - စောမင်းသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)