MNP - ဇူလိုင် ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားကတ်အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၃၂၄) ခြေမြန်တပ်ရင်းရှိ အောင်စစ်သည်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့်ဝန်ထမ်းများက အမှတ် (၃၂၄) ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များဖြစ်သော နိုင်-၃ (က)လျှောက်ထားသူ (၁၁)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြာလဲလှယ်သူ (၁)ဦး၊ ပျောက်ဆုံးလျှောက်ထားသူ (၁)ဦး စုစုပေါင်း (၁၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှ ထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment