ဂွမြို့နယ်တွင် အသက်၅နှစ်မှ ၁၂နှစ်အတွင်း နှင့်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက်၅နှစ်မှ ၁၂နှစ်အတွင်း နှင့်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ

 



MNP ၊ ဇူလိုင် ၇

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာပညာသင်ကြား ခွင့်ရရှိနိုင်ရေးအတွက်အသက် ၅ နှစ် မှအသက်၁၂နှစ်အထိကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်အထက်အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် ၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကိုယနေ့နံနက် ပိုင်းက အ.ထ.က(ဂွ)၊ အ.ထ.က(ကျိန္တလီ)နှင့် အ.ထ.က(ဆပ်သွား)  စသည့်စုရပ်ကျောင်းများ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ကျောင်းအခြေပြု ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးပြီးသည့်ကျောင်းသား၊ကျောင်းသူများအား ဒုတိယ အကြိမ် ထိုးနှံပေးခြင်း ဖြစ်ပြီး အခြေခံပညာ ကျောင်းအသီးသီး၌ ပထမအကြိမ် ထိုးနှံရန်ကျန်ရှိနေသည့် ကျောင်းသား၊ကျောင်းသူများနှင့် အသက် ၅ နှစ် မှအသက်၁၂နှစ်အထိကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ် အဖြစ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒုတိယအကြိမ်ကာကွယ်ဆေးကို (၆၆၈)ဦးနှင့် ပထမအကြိမ် ကာကွယ်ဆေးကို (၂၈၂)ဦးတို့ကထိုးနှံခဲ့ကြကြောင်း သိရသည်။

 အ.ထ.က(ဂွ)စုရပ်၌ အလက(မြို့မ)၊ အမကခွဲ(အလယ်ရွာ)၊မူလွန်(ရွာမ)၊ အထက(ဂွ)နှင့် အမကကင်းရုံး(၂) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လည်းကောင်း၊ အထက(ဆပ်သွား)စုရပ်တွင် အမက(ဇီးကုန်း)၊ အမက(ပိန္နဲကုန်း)၊ အမက(ဆပ်သွားအလယ်ရွာ)၊ အမက(ဆားချက်ကြီး)၊ အမက(ကျောင်းတောင်)၊ အမက(ဂျိုင်ကောက်)နှင့် အမက-ခွဲ(ဆပ်သွားကွက်သစ်)  ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လည်းကောင်း၊ အထက(ကျိန္တလီ) စုရပ်တွင် အထက(ကျိန္တလီ)၊ မူလွန်(ငါးရံ့ကျော်)၊ မူလွန်(ရမ္မာကျွန်း)၊ အမက(ချင်းကွင်း)၊ မူလွန်(အမှတ်-၅)၊ အမက(ရာပြည့်)၊အမက(စမ်းချောင်း)၊အမက(သဲကုန်း)နှင့် အမက (ချင်းကွင်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက လည်းကောင်း စုရပ်ကျောင်းများသို့ လာရောက်၍ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)